အောက်က..... ဇယားမှာ...
(ဈေးနှုန်း) နဲ့ (သင့်ငွေ)တွေရဲ့ ကော်လံမှာထည့်ထားတဲ့ ကိန်းတွေဟာ (ကျပ်/ပြား) ကို ထည့်မရိုက်ထားသလို /(စုစုပေါင်း)ရလဒ်ကိုလဲ Auto Sum နဲ့ ပေါင်းထားတာနော။
တကယ်ဆို ကိန်းဂဏန်းတွေမှာ ကျပ်/ပြားကိုထည့်ရိုက်လိုက်တာနဲ့ ပေါင်းလို့မရတော့ဘူးဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတို့ရေ သိကြပါတယ်နော .... တချို့(တချို့ပါ)သော ကပ်သီးကပ်သပ် လူကြီး တွေက ကျပ်/ပြားလေးပါ ဖော်ပြရိုက်ပါလို့ ကွန်ပျူတာနည်းပညာကို မသိပဲနဲ့ ကြံကြံဖန်ဖန် ခိုင်းတတ်ကြတယ်။ ဒါကြောင့် သယ်ချင်းယောင်းရင်းများ(မသိသေးသောသူများ) လိုအပ်ရင် အသုံးဝင်လို...အသုံးဝင်ငြား ရေးသားလိုက်ပါတယ်။
အပေါ်ကဇယားကိုရိုက်ပါ။ ဈေးနှုန်းနဲ့သင့်ငွေကို ရိုက်တဲ့အခါမှာ ကျပ်/ပြား စာသား
မရိုက်ထည့်ရဘူးနော။ ဂဏန်းပဲရိုက်ရပါမယ်။ ဥပမာ - ၂ကျပ်၅၀ပြားရိုက်မယ်ဆိုရင်
၂.၅ လို့ရိုက်ရုံပါ။ ဒါပေမဲ့ ကျပ်/ပြား အလိုအလျောက်ပေါ်ချင်ရင် အဲဒီဇယားနှစ်ခုကို
ရွေးပြီး အောက်က Format type အတိုင်း ပြင်ပါ။
မရိုက်ထည့်ရဘူးနော။ ဂဏန်းပဲရိုက်ရပါမယ်။ ဥပမာ - ၂ကျပ်၅၀ပြားရိုက်မယ်ဆိုရင်
၂.၅ လို့ရိုက်ရုံပါ။ ဒါပေမဲ့ ကျပ်/ပြား အလိုအလျောက်ပေါ်ချင်ရင် အဲဒီဇယားနှစ်ခုကို
ရွေးပြီး အောက်က Format type အတိုင်း ပြင်ပါ။
Myanmar 2ex Font နဲ့ရိုက်ရိုက်ရင် အောက် Type ထဲမှာရိုက်တာကိုမြင်ရမယ်နော။
Win inwa ကိုသုံးရင် အောက်ပါအတိုင်းမြင်ရမယ်
အောက်ကရှင်းလင်းချင်သဘောပေါက်အောင်ဖတ်ကြည့်နော....
ဒီ Format မူရင်း Format Type က 0.00 ပါ။ အဲဒီ Format ထဲမှာပဲ 0 နဲ့ ဒသမကြားမှာ မျက်ခုံးဖွင့်/ပိတ် (" ")ထဲ "ကျပ်" လို့ရိုက်ပါ၊ အပေါ်မှာကြည့်နော။ ဒသမ(၂လုံး)ရဲ့နောက်မှာ မျက်ခုံးဖွင့်/ပိတ် (" ") ထဲ "ပြား"လို့ရိုက်ပါ။ ပြီးရင် OK နိပ်ပါ။
ဒါဆိုရင် ရသွားပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့စမ်းကြည့်ပါအုံး။ အောင်မြင်ပါစေ........
အောက်က ဗီဒီယို ဖိုင်က လုပ်ဆောင်နည်းအဆင့်ဆင့်လေးပါ။



No comments:
Post a Comment