မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေခင်ဗျား........
အောက်ကဇယားက အထက်အရပ်က ပူပူနွေးနွေးတောင်းခဲ့တဲ့ ပညာရေးကောလိပ်ဇယားတခုပါ။ ညီလေးတယောက် အကူအညီတောင်းလို့ ဖော်မြူလာကိုရှာဖြစ်ခဲ့တယ်... ဒါလေးကောင်းလို့ သယ်ရင်း ပေါင်းသင်း များကို Share ပေးလိုက်ချင်ပါတယ်။
ဒီထက်ကောင်းတဲ့နည်းလည်း ရှိချင်ရှိနိုင်မယ်။ ဒါလေးတော့ ကျွန်တော်ရှာတွေ့လိုက်တဲ့ နည်းလေးတခုဆိုပါတော့ဗျာ။
အောက်ကဇယားမှာ ကော်လံ( G )အဝါရောင် ကော်လံထဲမှာ (၁၆-၁၃-၂၀၁၃)ရက်နေ့မှာရှိမဲ့ အသက်နဲ့ မွေးသက္ကရာဇ်ကို ထည့်ခိုင်းထားပါတယ်။
သာမန်နည်းနဲ့ဆိုရင် အသက်ကို (ရက်/လ/နှစ်) မမှားအောင် မွေးရက်နဲ့ သတ်မှတ်ရက်ကို တယောက်ချင်းနုတ်ယူရမယ်။ ရိုက်ထည့်တဲ့အခါမှာလည်း အတော်လက်ဝင်မဲ့ကိစ္စပါ။ ကျွန်တော့နည်းကတော့ မွေးသက်ရိုက်ထည့်ထားရင် တွက်စရာမလို/ရိုက်စရာမလိုတော့မှာမို့ သယ်ချင်းပေါင်းသင်းမိတ်ဆွေများအားလုံး ကြိုက်ရင်ယူသုံးနိုင်ပါတယ်ဗျား.......
....... စကြရအောင်နော ....
လုပ်ပုံလုပ်နည်းကို တိုတိုတုတ်တုတ်နဲ့ မြန်မြန်ဖြေရှင်းကြရအောင်ပါ။.....
၁။ အောက်ကဇယားဟာ အပေါ်ကဇယားရဲ့နောက် ကော်လံအိုင်( I )(အစိမ်းရောင်)မှာ မွေးသက္ကရာဇ်ကို မှန်အောင် ရိုက်ထည့်ခိုင်း ထားပါမယ်။
၂။ ကော်လံ ဂျေ( J )(အညိုရောင်)မှာ အသက်ကို တွက်ချက်ဖို့ အောက်က ဖော်မြူလာအတိုင်းရေးပါ။
=DATE(2013,12,16)-I5
(သတ်မှတ်ရက် (၁၆-၁၂-၂၀၁၃)ကနေ မွေးသက် အကွက်ကို နုတ်ခိုင်းထားတာသိကြမှာပါ။ )
ဒါပေမဲ့ ထွက်လာမဲ့အဖြေက date format တခုအနေနဲ့သာထွက်လာမှာဖြစ်လို့ အသက်မရပဲ ရက်စွဲတခုသာရနေပါ့မယ်။ အောက်မှာ ပြထားတဲ့ format Type အတိုင်း ပြင်ပေးရင် အသက်ကို (အသက်နှစ်ပေါင်း/လပေါင်း/ရက်ပေါင်း) အတိကျရပါမယ်။
yy က အသက်နှစ်အတွက်ဖြစ်ပြီး အသက်ရဲ့နောက်မှာ (နှစ်)ဆိုတာလေးပေါ်ချင်လို့ " " မျက်ခုံးဖွင့်/ပိတ်ကြားထဲ "နှစ်" ဆိုတဲ့စာသားကို ဖော်ပြခိုင်းထားတာပါ ။ ထို့အတူ m ဆိုတာ လ အတွက်ဖြစ်ပြီး။ d ဆိုတာက ရက်အတွက်ဖြစ်တယ်။

၃။ ဒီတခါတော့ မွေးသက္ကရာဇ် ကော်လံ(အိုင်) နဲ့ အသက် ကော်လံ(ဂျေ)နှစ်ကွက်ကို ကော်လံ(K) မှာပေါင်းပါမယ်။ မွေးသက်ကို အပေါ်က ၊ အဲ....အသက်ကိုအောက်က ဖော်ပြရပါမယ်။ ရှင်းပြရင် အတော် ရှင်းပြရမှာမို့လို့ ဖော်မြူလာနဲ့ Format ကိုပဲ တပုံစံတည်း/တထပ်တည်း လိုက်စမ်းရင် အဆင်ပြေလောက် မှာပါ။
ဖော်မြူလာက -
=CONCATENATE(TEXT(I5,"d-m-yyyy"),CHAR(10),TEXT(J5,"yနှစ်၊mလ၊dရက်"))
ဖော်မြူလာကနဲနဲရှည်တယ် အတိအကျလိုက်ရေးဖို့လိုမယ်နော .... (ဖော်မြူလာထဲမှာ မြန်မာစာလုံး တွေက ဘာတွေရေးထားမှန်း မသိတာက မြန်မာယူနီကုဒ်နဲ့ ( နှစ်၊ လ၊ ရက် ) တွေပါ။ ဒါကြောင့် (နှစ်/လ/ရက်)ဆိုတဲ့စာသားကိုရိုက်ရင် မြန်မာကီးမဲန်းဖွင့်ပီးရိုက်ပါ။ တခြားဖော်မြူလာတွေကတော့ ကီးမဲန်း ဖွင့်စရာမလိုပါဘူး။ လုပ်နေရင်း ဒီအချက်ကို သတိထားပေးပါနော။
ဒီ ကော်လံ(ကေ) အပြာရောင်ရက် Format က အပေါ်မှာဖော်ပြခဲ့တဲ့ ကော်လံ(ဂျေ)ရဲ့ Format အတိုင်းမို့ ပြောင်းလိုက်ပါ။ မေ့ပြီး မပြောင်းမိရင် အဆင်မပြေမှာမဟုတ်ဘူး။
ဟော ခုဆို ဒီအဆင့် ..... ဇယားအထိ ဖြစ်သွားပါဘီ။
ဆက်လုပ်ရမှာက ကော်လံ(ကေ = K) က ထွက်လာတဲ့ဟာကို တကယ်ထည့်ရမဲ့ ကော်လံ(ဂျီ=G) ဆီကိုကူးထည့်ရပါမယ်။ ရိုးရိုးကူးထည့်ရင် ဖော်မြူလာပါလာရင်အကုန်မှားသွားပါမယ်။ ဒါကြောင့် ကော်ပီလုပ်ပြီး Paste လုပ်တဲ့အခါ Paste Special ကိုရွေးပါ။ Paste Special မှာ အောက်ပါအတိုင်း ရွေးပြီးမှ Values and number formats ကို ရွေးပါ။ နောက်မှ OK ကိုနိပ်ပါ။
ဒါဆိုရင်အဆင်ပြေပီပေါ့။ အခက်ခဲရှိရင်တော့ မကျန်ဆဲကြပါနဲ့ တနည်းနည်းနဲ့ ဆက်သွယ်ပါ။ မူရင်း ဖိုင်လင့်ရော လုပ်ဆောင်ပုံလုပ်ဆောင်နည်းဗီဒီယိုဖိုင်ရော ဂျီမေးလိပ်စာ/ဖုန်းနံပါတ် လိုရာနဲ့ ဆက်သွယ်မေးမြန်းနိုင်သလို ကော့မက်ရေးလိုရနိုင်ပါတယ်ဗျား............
Phone : 09428004374
သည်ဆိုက်ကိုလာရောက်သောမိတ်ဆွေသင်္ဂဟအပေါင်း အောင်မြင်မှုအစုံ ပြည့်ဝပါကြောင်း
ဆန္ဒပြုအပ်ပါတယ်။
အောက်ကတော့ လုပ်နည်း ဆောင်နည်းအဆင့်ဆင့် ဗီဒီယိုဖိုင်လေးပါ။
ကောင်းကောင်းကြည့်ပီးဒေါင်းချင်ရင် Youtube ပေါ်မှာ kaindaraeain ကိုရိုက်ပီးရှာလိုက်ပါနော
No comments:
Post a Comment